မြန်မာနိုင်ငံ၌ ရွှေသယံဇာတတူး
ဖော်ထုတ်လုပ်နိုင်သော ရွှေကြော မြေနေရာ ငါးခုတည်ရှိနေသော် လည်း လက်ရှိတွင်
တည်ရှိနေသောရွှေကြော၏ ၂၀ရာခိုင်နှုန်း ခန့်သာတူးဖော်ဆောင်ရွက်နိုင်ခြင်းရှိ
ကြောင်း ဘူမိဗေဒပညာရှင်တစ်ဦး ကပြောသည်။
ရခိုင်ရိုးမမှ နာဂဒေသထိ ရောက်ရှိသွားသော အနောက် ပိုင်းရွှေကြော၊ ပဲခူးရိုးမမှ ဟူး ကောင်းဒေသထိ ရောက်ရှိသွား သော အလယ်ပိုင်းရွှေကြော၊သထုံ မြို့မှ ဘီလင်း-မဲဝိုင်-တောင်ငူ-ရွှေကျင်-သပိတ်ကျင်းဒေသသို့ ရောက်ရှိသွားသော အရှေ့ပိုင်း ရွှေကြော၊ ရှမ်း-မြန်မာအစပ်တွင် တွေ့ရှိရသော ရွှေကြောနှင့် ကျိုင်း တုံ-တာချီလိတ်-တာလေတို့တွင် တွေ့ရသော အရှေ့ဘက်စွန်းရွှေ ကြောတို့သည် မြန်မာနိုင်ငံတွင် ရွှေသယံဇာတတည်ရှိနေသောနေ ရာများဖြစ်ကြောင်းသိရသည်။ ၎င်းင်းတို့တွင် ကရင်ပြည်နယ်ရှိ ရွှေ ကျင်၊ မဲဝိုင်ရွှေတူးဖော်ရေးလုပ်ငန်း များတည်ရှိရာ အရှေ့ပိုင်းရွှေ ကြောသည် ရွှေတူးဖော်ထုတ်လုပ် မှု အများဆုံးရရှိနေသောနေရာ ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်၊ ဘူမိ ဗေဒဌာန၏ ပါမောက္ခဟောင်း တစ်ဦးဖြစ်သော ဦးစိုးသိန်းကပြော သည်။
“ရွှေကြောတွေ တည်ရှိနေမှု ရဲ့ခန့်မှန်းခြေ ၂၀ ရာခိုင်နှုန်းနဲ့ ၂၅ ရာခိုင်နှုန်းကြားပဲ တူးဖော်လုပ် ကိုင်နေကြတယ်။ အဓိကအချက် ကတော့ ရွှေကြောတွေ ရှိနေမှန်း မသိကြဘူး။ နည်းပညာနဲ့ ဖော် ထုတ်တော့လည်း အပေါ်ကလက် ၀ါးကြီးအုပ်မယ့်သူတွေကရှိနေ တယ်။ ရွှေထုတ်လုပ်မှုနည်းပညာ ကလည်း အားနည်းနေတယ်။ရွှေဖမ်းတဲ့နေရာမှာလည်း အလေ အလွင့်တွေများနေတယ်။ အခု လောလောဆယ် နာမည်ကြီးနေ တာကတော့ မဲဝိုင်ရွှေကြောပါပဲ”ဟု၎င်းကဆိုသည်။
လက်ရှိအချိန်တွင် ရွှေတူးဖော် ရှာဖွေရေးလုပ်ငန်းဆောင်ရွက်ရန် အနည်းဆုံး ကျပ်သိန်းငါးရာခန့် ရင်းနှီးမြှုပ်နှံရန် လိုအပ်လျက်ရှိပြီး မြေဧက ၂၀ အတွက် ရွှေတူးဖော် ထုတ်လုပ်ရန် တစ်နှစ်စာ ရွှေ ၂၄ ကျပ်သား သတ္တုတွင်းဝန်ကြီးဌာန သို့ ကြိုတင်ပေးသွင်းကြရကြောင်း ဦးစိုးသိန်းကပြောသည်။
နိုင်ငံတကာတွင် ဆောင်ရွက် နေသကဲ့သို့ တစ်ပိုင်တစ်နိုင်လုပ်ကိုင်သူများအား သင့်တင့်မျှတသောနှုန်းထားဖြင့် တရားဝင်လုပ် ကိုင် ဆောင်ရွက်ခွင့်ပြုခြင်းများရှိလာပါက ရွှေသယံဇာတရှာဖွေ တူးဖော်ထုတ်လုပ်မှုမြင့်မားလာ စေနိုင်ကြောင်း အထက်ပါပုဂ္ဂိုလ်က သုံးသပ်သည်။

No comments:
Post a Comment